လေနှင်ရာလွင့်ပါး
တိမ်တွေလို..
အဝေးကို ပျံသန်းသွားချင်တယ်….
မွန်းကြပ်ပိတ်လှောင်နေတဲ့…
သတ်မှတ်ချက်ဆိုတဲ့ ဘောင်တွေကြားမှာ…
ရုန်းကန်လှုပ်ရှားရင်း…
အင်အားတွေလဲ..
တစ်နေ့တစ်ခြား..နည်းပါးလာပြီ….
ရွေ့လျားနေတဲ့ ရာသီတွေနဲ့..
လည်ပတ်နေတဲ့ နာရီ..
စောင့်ဆိုင်းနေရတဲ့ မျှော်လင့်ချက်ရောင်နီတွေနဲ့…
နာကျင်ခြင်းတွေကို ထမ်းပိုး…..
နောက်ကျောက ဒဏ်ရာတွေလဲ တိုးသထက်တိုးလို့ပေါ့……
အများ..အမြင်မှားနေတဲ့…
လူဆိုးတစ်ယောက် ရင်ထဲကအမှန်တရား..
ဘုရားပဲ သိနိုင်မယ်ထင်ပါရဲ့….
ရှင်းမပြတော့ဘူး…
ငါ့ကို…..
ဘယ်လိုပဲ..တံဆိပ်ကပ်ကပ်..လေ
စကားလက်နက်နဲ့ သတ်တတ်တဲ့ ပါးစပ်တွေကို..
စိတ်ပျက်လာပြီ….
ငါ့အတွက်..ငါတွေး…
ငါ့ဘ၀လှဖို့…
ငါ့လက်နဲ့..ငါရေးလို့….
ငါ့ကိုယ်ငါ..တည့်မတ်…..
တစ်ယောက်ထဲ နေတတ်ပါတယ်….
ဘယ်လိုပဲ ဖြစ်ဖြစ်…
နစ်မွမ်းအောင် ဆွဲနှစ်ကြစမ်းပါစေ…
ပင်လယ်တွေ ကာကာ…
တောင်တန်းတွေ ဆီးဆီး…
မျှော်လင့်ခြင်း တိမ်တိုက်တွေကို စီးလို့…
အိပ်မက်တွေကို ဆုပ်ကိုင်..
ခရီးအဆုံးမှာ.. ငါ့အတွက်…
ရွှေရောင်တောက်ပတဲ့ ပန်းတိုင်ရှိတယ်……။
လေးညှို့ရှင်
Thursday, December 16, 2010
အထီးကျန် (၃)
Posted by Lay Nhyot Shin at 7:30 AM 0 comments
Labels: ကဗျာ
Saturday, July 17, 2010
နိမိတ်
ဖျပ်ခနဲ...
ကျကွဲသွားတဲ့...မှန်တချပ်..
ကြိုးပြတ်သွားတဲ့..ဂစ်တာတစ်လက်နဲ့..
လန့်လန့်နိုးခဲ့ရတဲ့ .. ခြောက်အိပ်မက်တွေ...
တဆတ်ဆတ်..လှုပ်နေတဲ့မျက်ခမ်း....
လျှောက်လိုက်တိုင်း..
ခလုတ်မလွတ်တဲ့ ခြေလှမ်းတွေနဲ့....
သက်ပြင်းတွေ အခါခါရှိုက်...
ဒီနေ့မှ စောင့်ရတာ ကြာလိုက်တာ.........
သူလာနေကျ..
ရှေ့က..လမ်းကလေးကလဲ....
မြူတွေအုံ့ဆိုင်းလို့..
ခါတိုင်းထက်ကို...မှိုင်းညိုနေတယ်.....
ဟော..
ခြေသံဖွဖွ..နားဝမှာကြား..
သူလာပြီလားကွယ်.....
ရနံ့တစ်ခု..
လေထုနဲ့..လွင့်ပါး...
ချစ်သူဆိုတာ...
နှလုံးသားက သေချာတယ်....
ရှေ့မှာလာရပ်တဲ့..
ဖြူလွလွ ခြေအစုံထက်...
အစိမ်းရောင်ကြက်ခြေခတ်နဲ့ ရွှေဖိနပ်တစ်ရံ..
ရင်ခုန်သံတွေနဲ့ အပူဇော်ခံပါ.......
နက်မှောင်တဲ့ ဆံနွယ်ကြားက..
တောက်ပတဲ့မျက်ဝန်း....
ဓါးသွားလို ထက်ရှတဲ့..
စကားတစ်ခွန်းမှာ....
နာရီတွေသေဆုံး...
ငါ့ကိုငါ..ပျောက်ဆုံးသွားပြီကွယ်........
လေးညှို့ရှင်
Posted by Lay Nhyot Shin at 4:55 AM 0 comments
Labels: ကဗျာ
Wednesday, April 28, 2010
အမေ
အမေ...
တစ်နေ့ကျရင် ခွဲရမှာ သိပါတယ်...
ဒါပေမယ့်..
စိတ်ထဲမှာ......မေ့
အဲ့ဒီနေ့ကို မတွေ့ချင်ဘူး..အမေ...
ကျွန်တော့်ကို မမွေးခဲ့ရပေမယ့်...
အမေ တစ်ယောက်လို မေတ္တာနဲ့
နည်းလမ်းညွှန်ပြ..
လိမ္မာလာအောင်..ဆုံးမခဲ့တယ်...။
အမေ့..စကားတွေထဲက..
လူတွေရဲ့ စိတ်ထားတွေကို သိခဲ့တယ်...
အမေသင်ကြားပေးလို့..
ရင့်ကျက်စွာ.. တွေးတတ်ခဲ့တယ်......
အမေ..အထင်သေးမှာစိုးတဲ့ စိတ်နဲ့..
ကိုယ့်ကိုယ်ကို တည့်မတ်...
ခုဆို..ကျွန်တော်....
လူလိမ္မာလို နေတတ်နေပါပြီ......
အမေရေ...
ပြန်တွေးလိုက်ရင်..
ဆယ့်လေးနှစ်ဆိုတဲ့ အချိန်ကာလ
မနေ့ကလိုပဲနော်....
ကျောင်းတံခါးဝမှာ..
အမေ့အလာကို စောင့်...
အကြိုထောက်ခဲ့တဲ့ ရက်တွေကို
လွမ်းတယ်......
မဟောသဓာရဲ့ တရားစီရင်ခန်း..
အတူတူ..
သူခိုးဖမ်းခဲ့တာတွေ...
ရေသည်ယောင်္ကျားရဲ့ အဿပြာပဲဝက်..
မြို့ရိုးကြားမှာ..
သွားဖွက်ခဲ့ကြတာတွေ...
အမေဖတ်ပြတဲ့..
သင်ခန်းစာတွေကို..မှတ်သား..
ကျွန်တော်တို့ရဲ့ကျောင်းသားဘ၀တွေကို....
ဖြူစင်စွာနဲ့ ဖြတ်သန်းခဲ့ကြတယ်......
လူ့ဘ၀ရဲ့...
ကောက်ကွေ့တဲ့ လမ်းတွေကြားမှာ..
ရှင်သန်လှုပ်ရှားရင်း...
ခုချိန်မှာတော့...
ကျွန်တော်တို့စိတ်တွေ... ညစ်ပေနေကြပြီ..အမေ.....
ဒါပေမယ့်...
ဘယ်အခြေအနေရောက်ရောက်...
အမေ့အိမ်တံခါးကို ခေါက်လိုက်တာနဲ့....
နွေးထွေးစွာ ကြိုဆို...
အမေ့အပြုံးက ..
ငယ်ငယ်တုန်းကအတိုင်း..နုပျိုဆဲလေ......
ကြယ်လေးတွေ..အရောင်လက်ဖို့အတွက်..
ကောင်းကင်ကြီးလိုအပ်သလို...
ငှက်ကလေးတွေ....ပျံသန်းဖို့အတွက်...
လေဟာနယ် လိုအပ်ပါတယ်......
ငါးလေးတွေ....အသက်ရှင်ဖို့အတွက်..
ရေပြင်ကျယ် လိုအပ်သလို.....
ကျွန်တော်တို့တွေ..လိမ္မာလာဖို့အတွက်..
အမေ့ဆုံးမစကားတွေ လိုအပ်ပါတယ်.........
အမေရေ..
နောင်နှစ်ပေါင်းများစွာတိုင်..
စိတ်ချမ်းသာ..ကိုယ်ကျန်းမာစေဖို့...
အဝေးရောက်နေတဲ့...သား..အားလုံးကိုယ်စား....
ဒီစာကို..ပါးလိုက်ပါတယ်......
အမေ..ပျော်ရွှင်ပါစေ..............................။
(မွေးအမေနဲ့ ထပ်တူ ချစ်ရသော ... ဆရာမအတွက်)
Posted by Lay Nhyot Shin at 8:57 AM 0 comments
Labels: ကဗျာ
Friday, April 16, 2010
ဆယ်ကျော်သက်
(က)
ကမ်းခြေ မမြင်ဖူးတဲ့ ပင်လယ်
သင်ရိုးထဲ မပါတဲ့ ကျွန်တော့် ဆယ်တန်းဖတ်စာ
သနပ်ခါးရေမွှေးနံ့သင်းတဲ့ ညနေငါးနာရီ
ကချင်လွယ်အိတ်ထဲ “ခိုး”ပွင့်နေတဲ့ နှင်းဆီ
စာလာလာပြပေးတဲ့ အဖြူရောင် စီးကရက်လေး
(ကျွန်တော့် နှလုံးသားတစ်ထည်လုံး မီးပေါက်ခဲ့)
ပထမဆုံး ဝင်ဖြေဖူးတဲ့ အလုပ်အင်တာဗျူး
လမ်းဖြတ်ကူးခွင့်မရှိတဲ့ ပါးပေါ်က မျဉ်းဝါလေးတွေ
ရိုးသားစွာ ဖားဥစွဲသွားတဲ့ သက်ရှိ ကဗျာစာရွက်ကလေး
(ခ)
အခု
ရီရီ နဲ့မောမော ပြန်စဉ်းစားမိ…
အဲဒီတုန်းက
မမတို့နှစ်ယောက်ကြား
အထူအပါးမသိတဲ့ ဆေးရိုးသည်ကလေးက ကျွန်တော်။
လင်းဒီပ
၂၈.၀၁.၁၀
Posted by Lay Nhyot Shin at 7:09 PM 0 comments
Labels: ကဗျာ
Saturday, April 10, 2010
စာမျက်နှာ (၂၉)
၁၉၈၁ ခုနှစ် ဧပြီ ၉ ရက်...
ဘ၀တစ်ခု အစပျိုး...
လောက..သင်ရိုးညွှန်းတမ်းမှာ..
မာတိကာ..အသစ်တစ်ခု တိုးတဲ့နေ့ပေါ့.....။
အေးမြတဲ့ မေတ္တာတွေနဲ့ ထွေးဖက်..
အကောင်းဆုံးဖြစ်စေဖို့...
မျှော်လင့်ချက်တွေနဲ့...
ရင်ဖွင့်ကြိုဆို...
မနက်ဖြန်တိုင်းက ချိုတယ်.....။
စာမျက်နှာ-၅
လောကဓံတရားဆိုတာ ဘာမှန်းမသိ..
လွယ်အိတ်လွယ်.. ကျောင်းကိုသွား...
သူငယ်ချင်းတွေနဲ့ ကစားမယ်.....။
စာမျက်နှာ-၁၀
လိုချင်တာ ရဖို့အတွက်ပဲ အလေးထား..
ဖြစ်နိုင်တာ မဖြစ်နိုင်တာ မစဉ်းစားချင်ဘူး...
ပူဆာငိုကြွေးလိုက်တိုင်း..
အမေက ဖြည့်ဆည်းပေးတယ်......။
စာမျက်နှာ-၁၅
ဘယ်အရာမှ မတည်မြဲ..
ကံတရား အတိုင်းပဲလေ..
ကျောင်းသွား..ကျောင်းပြန်..
အမေပြောနေကျ စကားတွေကြားမှာ...
လူလိမ္မာလို..နေတတ်ခဲ့ပေါ့.....။
ကျွန်တော့်အတွက်..
ဘယ်တော့မှ..
အမေ့ မျက်ရည် မသက်စေရဘူး..အမေ.....။
စာမျက်နှာ-၂၀
လောကတောအုပ်ထဲ..မရဲတရဲစမ်းလျှောက်..
လမ်းပျောက်မှာ မကြောက်ပါဘူး...
အမေ တပ်ပေးလိုက်တဲ့ အတောင်ပံတွေနဲ့..
လေဟုန်ကိုဆန်.. အမြင့်မှာ ပျံနိုင်တယ်လေ...
ဒါပေမယ့်...
တောင်ပံတွေက..လေးလံလို့..
တစ်ခါတစ်ခါ..
သူများတွေလို ရုန်းကန်ကြည့်ချင်တယ်......။
စာမျက်နှာ-၂၅
မှန်တယ်ထင်ရင် ဂရုမစိုက်...
ဘယ်လိုပဲ တိုက်ခိုက်ကြစမ်းပါစေ..
ငါ့ဘ၀..အရောင်တောက်ဖို့..
ငါ့လက်နဲ့ ငါ တည်ဆောက်မယ်.....။
စာမျက်နှာ-၂၉
ဘ၀ကို ရိုးရှင်းစွာဖြတ်သန်း..
အတ္တ..မာနတွေနဲ့..မလှမ်းချင်တော့ဘူး...
မေတ္တာတရားကို အလေးထား...
အချိန်တွေကို တန်ဖိုးရှိစွာ ဖြတ်သန်းသွားချင်တယ်..
လေးညှို့ရှင်
Posted by Lay Nhyot Shin at 5:28 AM 0 comments
Monday, March 15, 2010
အလွမ်းနက္ခတ်
ဘယ်လိုဂြိုလ်ဆိုးတွေကြောင့်လဲ….
လွမ်းခဲ့ရတာ ဆယ့်နှစ်ရာသီ…
ချစ်တတ်စကတည်းက အလွမ်းနဲ့ယဉ်ပါး….
ငါက….
အလွမ်းရာသီဖွားပါ………..။
ဇာတာကို တွက်ချက်….
စန်းယှဉ်တာက အလွမ်းနက္ခတ်တဲ့…
ကံကြမ္မာပြဌာန်း..
လွတ်လမ်းလဲ မရှိတော့ပါဘူး….
နိဂုံးမရှိတဲ့ဇာတ်လမ်း…
အဆုံးသတ်ရင် လွမ်းရမှာ သိပေမယ့်…
နာကျင်စရာတွေမေ့ပစ်…
တစ်ခါ ထပ်ပြီး ချစ်ချင်သေးတယ်……
ကြေမွသွားတဲ့ မျှော်လင့်ချက်တွေ..
မျက်ရည်လူးခဲ့ရတဲ့ အိပ်မက်ဦးတွေနဲ့…
မပြောဖြစ်ခဲ့တဲ့ ရင်ထဲကစကားတွေ…
အားလုံးကို မြိုသိပ်…
တိတ်တိတ်လေးပဲ မေ့ပစ်လိုက်တော့မယ်……..
သိပ်ချစ်တတ်ခဲ့ဘူးတဲ့….
ငါ့ရဲ့ နှလုံးသား….
ဒဏ်ရာတွေပဲ များများလာလို့….
ခုဆို..
တဖြည်းဖြည်း လုံးပါးပါးနေပြီ……
အတိတ်ဘ၀က..၀ဋ်ကြွေးမကင်း….
သူများချစ်ခြင်းတွေကို ခွင်းခဲ့ဘူးလို့များလား..
တစ်ခါ..တစ်ခါ..
ငါစဉ်းစားမိတယ်……..
စကားတင်းတွေ..ဘယ်လိုဆိုဆို….
မှားယွင်းမှုတစ်ခုလို..
အလွမ်းဆိပ်က..ချိုနေတာမို့…..
ကံဆိုးကောင်ရဲ့ ရင်ထဲ…
ဘယ်တော့မှ… မိုးမစဲနိုင်တာပဲ ထင်ပါရဲ့….
ရှိစေတော့လေ…
ဝဋ်ရှိသမျှ ခုဘ၀မှာ ကျေနိုင်ဖို့….
မီးပူဇော် .. ရေချမ်းဆက်…..
စနေထောင့်မှာ.. ပန်းကပ်မယ်……….
လေးညှို့ရှင်
Posted by Lay Nhyot Shin at 10:48 AM 0 comments
Labels: ကဗျာ
လူ (New Version)
ပကာသနတွေကို..မက်မော..
လူတွေကြားမှာ..
ငါက...
ခပ်ကြောကြော နေချင်သူ......။
ပေးဆပ်ဖို့ မစဉ်းစား..
ရယူဖို့သာ အလေးထားတာမို့...
သိက္ခာတရားဆိုတာ အလကား..
ငါးပွက်ရာမှာ ငါးစာချနိုင်မှ..
ငါ့ဘ၀ စိတ်ချရမှာလေ..........။
လောက..က .. ပြဌာန်း..
လိုက်နာသင့်တဲ့ ...
ကျင့်ဝတ်စည်းကမ်းတွေ မလိုပါဘူး…
Money makes everything
အရာရာကို ငွေကပဲ ဖြေရှင်းနိုင်တာ..မဟုတ်လား..။
အမှန်နဲ့ အမှား.ကြား..
စောင့်ထိန်းစရာ သစ္စာတရားတွေ ခေါက်ထားလိုက်..
ငါ့နေရာအတွက်ဆို..အရာရာကို..ရင်း..
သူများရဲ့…
လည်မျိုကိုလည်း နင်းရဲတယ်......။
စစ်တလင်းမှာ….ဓါးချင်းယှဉ်ခုတ်….
ခွန်အားစိုက်ထုတ်ရတဲ့အလုပ်ကို..ငါ..မလုပ်ဘူး...
နောက်ကျောကို ဓါးနဲ့ထိုး...
ဒါလည်း .. အောင်မြင်ခြင်းတစ်မျိုးပဲလေ...။
ရိုးရိုးကျင့်.. မြင့်မြင့်ကြံ ဆိုတဲ့…
အဖိုးမတန်တဲ့ စကားတွေ မကြားချင်ဘူး…
ငါ့ဘ၀ အရောင်တောက်ဖို့…
မိုးခါးရေလဲ ငါသောက်မယ်........။
ငါကျင့်သုံးတဲ့ ခံယူချက်အတွက်..
ဘယ်တော့မှ နောင်တနဲ့ စိတ်မပျက်ဘူး..
ငါလိုလူစား.. လောကမှာ အများကြီးလေ
လေးညှို့ရှင်
Posted by Lay Nhyot Shin at 10:47 AM 0 comments